စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Target Force – GTF ရဲ ဘော်များက ဦးဆောင်ပြီး Brave Heart Army-BHA ရဲ ဘော်များတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သာရဲစခန်းမှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့သလို တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။