PDF Kalay – Mine Team က ထုတ်လုပ်ထားတဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။

ကျည်ကာပြားတွေကို တစ်နှစ်တာ အချိန်ယူထုတ်လုပ်ခဲ့ပြီး အရှည် ၁ ပေခွဲနဲ့ အထူ လက်မ ရှိကာ ဝတ်ဆင်ရလွယ်ကူပြီး တိုက်ပွဲအတွင်း အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက် ကြီးစတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ထုတ်လုပ်အောင်မြင်ထားတဲ့ ကျည်ကာပြားတွေကို တပ်ဖွဲ့ဝင်တွေ ဦးစားပေးတပ်ဆင်သွားမှာဖြစ်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့တွေအတွက်လည်း စျေးသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။

PDF Kalay Mine Team အနေနဲ့ ဒရုန်းဗုံးသီးတွေ ၊ မီးလောင်ဗုံးတွေနဲ့ မိုင်းသီးတွေလိုမျိုး ပေါက်ကွဲအားပြင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၆ ယောက် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် သစ်ခေါက်တောင်ရွာကင်းစခန်းကို လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်

မကွေးတိုင်း စလင်းမြို့နယ် သစ်ခေါက်တောင်ရွာမှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကင်စခန်းကို နိုဝင်ဘာ ၂၂ ရက် မနေ့က လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerilla အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံ ဆုံပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။