မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ စံချိန်တင် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးသင့်ပြည်သူ အများဆုံးဆုံးဒေသဖြစ်ပါတယ်။
ရခိုင်ဒေသက စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်းမှာလည်း ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်က ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ ၅၇၀၀၀၀ နီးပါးရှိလာပါတယ်။
အာဏာသိမ်းပြီးနောက် မရပ်မနားဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လာပြီး အရပ်သားကာကွယ်ရေး လိုအပ်ချက်နဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်းဟာလည်း ဆက်လက်ဆိုးရွားလာနေဆဲပဲလို့ ကုလသမဂ္ဂအေဂျင်စီက ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာပြည်အနှံ့ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ ၁၂ ခုဟာ တိုက်ပွဲဒဏ်ခံနေရတယ်လို့ OCHA က ဆိုပါတယ်။
ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုကယ်ဆယ်ရေး အကူအညီတွေရောက်ဖို့ ရှုပ်ထွေးတဲ့ အကန့်အသတ်တွေ ဖယ်ရှားပေးရမယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ပထမ ၉လတာအတွင်း လူသားချင်းစာနာမှုအဖွဲ့တွေဟာ ပြည်သူ ၃ သန်းနီးပါးကို ကူညီပေးခဲ့ပေမယ့် ရန်ပုံငွေမလောက်ငှတာကြောင့် အပြည့်အဝ အကူအညီမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
အဲဒီ အကူအညီတွေဟာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု တုန့်ပြန်ရေးအစီအစဉ်ရဲ့ ၅၆% ရှိတာဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ရိုဟင်ဂျာတွေအပါအဝင် နေရပ်စွန့်ခွာခြင်းမရှိသေးတဲ့ နိုင်ငံမဲ့တွေနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ တခြားသော အကျပ်အတည်းဒဏ်ခံ ပြည်သူတွေကို ပေးအပ်ခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ​ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန် ကိုရီးယားမှာ ပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။