ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် – ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ် က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ရေးပစ်မှတ်မရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို (၁၂၀)မမ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား(၂) ယောက်၊ အမျိုးသမီး (၃) ယောက်၊ ၂နှစ်အရွယ် ကလေးငယ် (၁) ယောက်နဲ့ ၁ လသားအရွယ် ကလေးငယ် (၁) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာတွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့အတူ အသက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေ (၁၀) ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်ပွဲတွေနဲ့ လွတ်ကင်းတဲ့ ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ နေရာတွေကို အခုလို ညာတာမှုကင်းမဲ့စွာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ပြည်သူအများ စိုးထိတ်ကြောက်ရွံ့စေအောင် ပြုလုပ်နေတယ်လို့ ဖယ်ခုံ PDF က ဆိုပါတယ်။
ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) အနေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ် အကြမ်းဖက်မှု လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုံ့ချပြီး စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် မထားဖို့ သတိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

CDM ဆရာဝန်များကို ပြည်ပမှာ ဆက်လက် အလုပ်လုပ်ကိုင်ဖို့နဲ့ ပညာသင်ယူဖို့ ဖယ်ဒရယ် ဆမ လိုင်စင်များ ထုတ်ပေးထားဟု ဆို 

စစ်ကောင်စီက သူ့လက်အောက်မှာ နိုင်ငံ့ဝန်ထမ်း မလုပ်ဘဲ ဆေးတက္ကသိုလ်တွေမှာ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းထားမှုအပေါ်  အများစုကို ဖက်ဒရယ် ဆမ လိုင်စင်များထုတ်ပေးပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့  ဆောင်ရွက်ပေးထားကြောင်း  ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ၊ ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင် က ပြောပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်လိုက်ပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ကိုးကန့်တပ်မတော်က အသိပေးကြေညာလိုက်ပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။