ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၂၅ရက်နေ့က ရဲတံခွန်ဘက်မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး အင်အားလာဖြည့်တဲ့စစ်ကြောင်းဖြစ်ကာ သံဖြူဇရပ်နယ်ထဲမှာ ထပ်မံတိုက်ပွဲ ဖြစ်ပွါးနေတာဖြစ်ကြောင်း သိရပါတယ်။
“အခုကတော့ အဖွဲ့စုံပေါ့။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လက်စွမ်းပြနေတဲ့ တော်လှန်ရေးသူရဲကောင်း ခေါင်းဆောင်တွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့ဘက်ကလည်း BGF အားကိုးနဲ့ KNU တပ်မဟာ ၆နယ်မြေထဲကနေ တဖြည်းဖြည်းထိုးဖောက်လာတာပေါ့။ ပွဲကတော့ကြည့်ကောင်းနေတယ်။ လေယာဉ်တစ်ခုပဲ စိုးရိမ်စရာရှိတယ်။ မြေပြင်မှာတော့ ကြိုက်တဲ့ကောင်တက်လာပါစေ” လို့ တိုက်ပွဲထဲမှာ ပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်က မောင်းကိုပြောပါတယ်။
“အခုက သံစုံတီးဝိုင်းလိုပေါ့။ အဖွဲစုံနဲ့ တိုက်ပွဲဝင်နေရတာဆိုတော့ အားတော့ရတယ်။ စစ်တပ်ဘက်ကလည်း ပေါ်ပေါ်ထင်ထင် တက်လာတာမဟုတ်ဘူး။ ဇာတ်သဘင်ကားတွေလို အမိုးအကာရံတွေနဲ့ ဇာတ်ပွဲထွက်လာတဲ့ကားတွေလို ပုံဖျက်လာတာ။ တိုက်ပွဲကတော့ မပြီးသေဘူး” လို့ အထက်ပါ ရဲဘော်က ဆက်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်ထဲကို စစ်ဆင်ရေးလွှတ်ထားတဲ့ စစ်သားအများအပြားဟာ မူးယစ်ဆေးသုံးထားပြီး လူစိတ်ပျောက်နေကြတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပြသလို ဖမ်းမိတဲ့ တချို့စစ်သားတွေကလည်း ဘီလူးသဘက်တွေကို ကမူးရှူးထိုး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်မတိုက်ချင်ဘဲ ရှေ့တန်းရောက်လာသူတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မကြာခဏ ဖမ်းမိတာတွေ တွေ့နေရပါတယ်။
ပုံစာ – KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနေ 

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 
Read More

မြိတ် – ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ မြိတ် - ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့တယ်လို့ KYO မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး အယောက် ၂၀ ဒဏ်ရာရ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ပြင်ဦးလွင်ကိုသွားမယ့် စစ်ကားတွေကို ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၁၁ ​​ဦးသေ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ပြင်ဦးလွင်ကို သွားမယ့် စစ်ကောင်စီတပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column (မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။