မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR – YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၃ရက် မနက်ပိုင်းက မြင်းခြံမြို့နယ်၊ ဆုံရွာကနေ မြို့သာစက်မှုဇုန်ဆီ ထွက်လာတဲ့ ပျူစောထီးတွေရဲ့ ၆ဘီးကားကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မိုင်း၃လုံးပွိုင့် ၂ပွိုင့်၊ စုပေါင်းမိုင်း၆လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်း၆လုံးဖောက်ခွဲခဲ့တဲ့အထဲ ၃လုံးပေါက်ကွဲခဲ့ရာ ကားပေါ်ပါလာတဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TGYR – ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က မောင်းကိုပြောပါတယ်။
“တဲကြီးက မြို့သာကနေ ဆီမီးခုံ ရေနက်ဆိပ်ကမ်းကိုသွားတဲ့ မြင်းခြံနဲ့ငါန်းဇွန်နယ်အစပ် ၆လမ်းသွားလမ်းဘေးကရွာပါ။ အဲ့ရွာနားမှာ မိုင်းဆွဲခဲ့တာပါ။ ထိခိုက်သေဆုံးတွေရှိနိုင်တယ်ဆိုတာကလည်း အဲ့နေရာပတ်ဝန်းကျင်မှာ သွေးစတွေရယ် ကားပစ္စည်းတချို့လွင့်ကျခဲ့လို့ပါ။ အတိအကျတော့ အတည်မပြုနိင်သေးပါဘူး” လို့ TGYR – YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့မိုင်းဆွဲမှုကြောင့် အထိနာခဲ့တဲ့ ပျူစောထီးတွေက တဲကြီးရွာကနေ အရှေ့ဘက်လမ်းတလျှောက်ဆီ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ရင်း မောင်းနှင်သွားကြောင်းနဲ့ နောက်တစ်ရက် နိုဝင်ဘာ ၂၄ရက်နေ့မှာလည်း တဲကြီးကျေးရွာအရှေ့ဘက်ထဲ တော်လှန်ရေးအဖွဲ့ဝင်တွေကို တောနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကို TGYR – YouthGuerrillaCounterRevolution-NZ(LPDF) နဲ့အတူ မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက် မနက်ပိုင်းကလည်း ငါန်းဇွန်မြို့ကနေ မြို့သာကားလမ်းအတိုင်းထွက်လာတဲ့ စစ်ကားတွေကို ထွန်းသာရွာအနီးမှာ TGYR – YouthGuerrillaCounterRevolution-NZ(LPDF) နဲ့ ငါန်းဇွန်ပကဖတို့က အသင့်စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါသေးတယ်။
ဒီထိတွေ့မှုတွေကြောင့် ငါန်းဇွန်မြို့နယ်ထဲ ထိတွေ့တိုက်ပွဲတွေဆက်ရှိလာနိုင်တယ်လို့လည်း TGYR – YouthGuerrillaCounterRevolution-NZ(LPDF)က သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ငါန်းဇွန်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြင်းခြံမြို့နယ်ထဲ စစ်အုပ်စုတွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – ပျူစောထီးတွေလိုက်ပါလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ဆောတွင် WY စိတ်ကြွမူးယစ်ဆေးပြားများအပါအဝင် ဆက်စပ်ပစ္စည်းအချို့နှင့်အတူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ အိမ်ငှားလာရောက်နေထိုင်တဲ့ အမျိုးသား ၄ ယောက်နဲ့ မြို့ခံ အမျိုးသမီး ၁ ယောက်ကို WY (ခေါ်) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြား အပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။