ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
KNLA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီစစ်သားတွေဟာ တပ်စခန်းရှိရာ ကစယ်သဲ ဖလယ် (တောင်းသုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ)ကို တပ်ဆုတ်ထွက်ပြေးချိန် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာပါ။
အဲ့ဒ္တပ်သားတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ ကဖာပွန်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ ၈ လက်အောက် ခံ ခမရ ၄၀၄ ၊ ၄၀၇ နဲ့ ၄၀၈ တပ်ရင်းတွေကနေ ဆုတ်ခွါလာတာ ဖြစ်ပါတယ်။
ဖြတ်တောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီထံက တိုက်ပွဲအတွင်း RPG-7 အမျိုးအစား သေနတ် ၁ လက်၊ သူ့ကျည်ဖူး ၃၈ လုံး၊ ၈၁ မမ လက်နက်ကြီး ၁ လက်၊ သူ့ကျည်ဖူး ၆ လုံး၊ MA-1 အမျိုးအစား သေနတ် ၉ လက်၊ MA-2 သေနတ် ၄ လက်၊ MA-3 သေနတ် ၄ လက်၊ MA-4 သေနတ် ၂ လက်၊ ငါးမြီးစက်လက် ၁ လက်၊ ၆၀ မမ ပြောင်းရှည် ၂ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ရှေ့ထွက်မြေမြှုပ်မိုင်း ၃ လုံး၊ ၆၀ မမ ကျည် ၁၂၃ လုံး၊ G-3 ကျည် ၆၀၀၀ တောင့်၊ ဟွန်ဒါမီးစက် ၁ လုံး၊ ခွင်းဗုံး ၅၃ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနဲ့ စားသုံး ဆီ ၂ ပုလင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။