တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အခမ်းအနား ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် ပပျောက်ရေးနေ့ကို သိရှိစေဖို့ ၊ ပြည်သူတွေ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖမ်းမှု ပပျောက်ရေးနေ့ လုပ်ငန်းစဥ်တွေကို သိရှိစေဖို့နဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်စေဖို့ ၊ အမျိုးသမီးအရေးမးတွေ ပူးပေါင်းပါဝင် ဆောင်ရွက်စေဖို့နဲ့ တအာင်းဒေသအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်စေဖို့တို့ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားတွေကို PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက ဦးဆောင်ကျင်းပပြုလုပ်ရာမှာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်တဲ့ လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Read More

စစ်သားဘဝကို မသိဘဲ စစ်တပ်ကို စော်ကားနေကြတယ်လို့ ဦးခင်ရီ ပြော

မတရား စစ်အာဏာသိမ်းမှုကို တိုင်းပြည်အနှံ့ ဆန့်ကျင်နေကြတဲ့ လက်ရှိအချိန်မှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ လက်ရှိ လူငယ်တွေဟာ စစ်သားတွေရဲ့ ပေးဆပ်မှုကို သေချာမသိဘဲ တပ်မတော်ကို စော်ကားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားများ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကစဉ့်ကလျား ပြိုလဲကာ AA ထံ လက်လွှတ်လိုက်ရသည့် မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့က လက်ကျန်တပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ-၅) ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ အရက္ခတပ်တော် (AA) က မောင်တော တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက် ထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာအများအပြားသွားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ -၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေမှော်မှ ပြန်လာသည့် ပြည်သူ ၆ ဦးကို စစ်အုပ်စု အရှင်လတ်လတ် မီးရှို့သတ်၊ ၁ ဦး ထွက်ပြေးလွတ်မြောက်လာ

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။