တရုတ်နိုင်ငံအစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားပြီးတော့ပါ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်အောင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
TNLA ထိန်းချုပ်စိုးမိုးရာနယ်မြေအတွင်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောက်ထားသလို နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင် ရွက်နေတဲ့ တရုတ်နိုင်ငံ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ TNLA က ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်ဖို့အတွက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင်ကာ ကောင်းကျိုးရှိတဲ့အမြင်နဲ့ အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေသလို ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိစေဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁ နှစ်ကျော်လာပြီဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတွေအတွင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို တအာင်းဒေသက မြို့ရွာ နယ်မြေဒေသတွေမှာ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ ပြည်သူကို ဦးတည်ပစ် မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေရတယ်လို့ TNLA က ဆိုပါတယ်။
တအာင်းလူမျိုးတွေ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ပြီး တအာင်းပြည်နယ်ရရှိဖို့ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူတွေနဲ့အတူတကွ တည်ဆောက်ဖို့ အမြဲတစေ ကြိုးပမ်းဆောင်ရွက်မှာဖြစ်သလို ပြည်သူကို ထောက်ထားညှာတာမှုနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အဆင်သင့်ရှိကြောင်း TNLA က ထုတ်ပြန်ထား ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူက မွေးဖွားလာသည့် PDF များ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် ပဲ့ပြင်ထိန်းကျောင်းနိုင်ရန် တိုင်တန်းကြဖို့ MDY-PDF ပြည်သူကို ပန်ကြား…

ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ညောင်ဦးမှာ ဓားပြမှုတွေကျူးလွန်တဲ့ ခိုးဆိုးလုနှိုက်တွေရဲ့ နောက်ကွယ်မှာ စသုံးလုံးအရာရှိတွေ ကြိုးကိုင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) အရာရှိတွေက ခိုးဆိုးလုနှိုက်တွေကို ဓားပြမှုတွေ ကျူးလွန်ခိုင်းပြီး PDF တွေ လုပ်သယောင် ဝါဒဖြန့်နေကြကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် ဆွမ်းသွပ် တရားနာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနဲ့အတူ နှစ်ပြည့်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။