စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၁၉ရက်နေ့ကစလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာ နမခကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာနဲ့ ရွှေမြင်တင်တောင်တို့ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် စစ်ကြောင်းဟာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးရင်း အရပ်သားပြည်သူ ၂၀ခန့်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်အု​ပ်စုဝါဒဖြန့်ချန်နယ်တွေမှာတော့ ရွှေမြင်တင်တောင်ပေါ်က PDF တပ်စခန်းတွေကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းလွှင့်ကြပါတယ်။
နိုဝင်ဘာ ၂၁ရက်နေ့မှာတော့ စစ်အုပ်စုတွေက ခတ္တကန်တောင်ရွာက ဗောဓိတစ်ထောင်ဘုရားဝန်းကျင်ကို ထပ်မံ စစ်​ကြောင်းထိုးပြီး အရပ်သား ​၄ယောက်ကို PDF အဖြစ် ပုံမှားရိုက်စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“အဖမ်းခံရတဲ့ ၄ယောက်လုံးက ပြည်သူတွေပါ။ တောင်ယာနဲ့ ပန်းရံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဘန်စီရွာက ကိုငြိမ်းနဲ့ ကိုဝေလင်းရယ် နောက် ၂ယောက်က ကြေးမုံရွာက ကိုဝင်းဇော်နဲ့ မချောစုတို့ ပါ။ သူတို့အကုန်လုံး စစ်ဘေးရှောင်နေကြတဲ့သူတွေပါ။ ဒါကို PDF ခေါင်းစဥ်တပ်ပြီး ဖမ်းခဲ့တာပေါ့။ ၂၁ရက်နေ့တုန်းက ဖမ်းခံခဲ့ရတာပါ။” လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဗောဓိတစ်ထောင်ဘုရားနဲ့ ရွှေမြင်တင်တောင်ဝန်းကျင်ကို ရောက်ရှိနေတဲ့ အထက်ပါ စစ်အုပ်စုကို ချောင်းဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်တွေက အဲဒီနေ့ (နိုဝင်ဘာ ၂၁)မှာပဲ ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်​​သေဆုံးတာတွေ ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ရက်နေ့မှာတော့ အထက်ပါထိခိုက်ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာကားကို မိုးညှင်း- ဗောဓိတစ်ထောင်လမ်းပိုင်းမှာ Area 71 People’s Defense Force နဲ့ မဟာမိတ် တော်လှန်ရေး အဖွဲ့တွေက ၄လုံးတွဲ ပဒေသာမိုင်းတွေနဲ့ စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၃ရက်နေ့မှာလည်း ခတ္တကန်တောင်ရွာနဲ့ ဗောဓိတစ်ထောင်ဘုရားကနေ မုံရွာ နမခဆီ.
ပြန်ဝင်ဖို့ ရှေ့ပြေး ထွက်ခွာလာတဲ့ ခြေလျင်စစ်ကြောင်းကို တောင်မတောရွာနဲ့ဗောဓိတစ်ထောင်လမ်းပိုင်းမှာ ၆လုံးပဒေသာမိုင်းတွေနဲ့ထပ်ပြီးဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။
အထက်ပါမိုင်းတွေက ရှေ့ပြေးစစ်အုပ်စုတွေရဲ့ကင်းပုန်းကို ထိမှန်ပေါက်ကွဲခဲ့ကြောင်းနဲ့ မိုင်းဆွဲရဲဘော်တွေဆီ လက်နက်ကြီးလက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း အထိခိုက်မရှိပြန်ပြီးဆုတ်ခွာနိုင်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို Area 71 People’s Defense Force နဲ့အတူ မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့၊ မုံရွာမြို့နယ် တိုက်နယ် ၄ ပလဖ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ – Area 71 People’s Defense Force အဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူ အိပ်မောကျနေချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။