ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာအတွင်းမှ သယ်ထုတ်လာတဲ့ နှမ်းတင်ပေါင်း ၃၀၀ နီးပါးရှိသည့် ကား ၂ စီး ကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ နို၀င်ဘာ ၂၀ရက်ကားနဲ့အတူ နှမ်း အတင်းရေ ၂၉၈ တင်းရှိကာ တော်လှန် ရေးစိုးမိုးနယ်မြေအတွင်း ရောင်းချဖို့ ကြိုးစားစဉ် သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်ပါတယ်။
ဖမ်းဆီးမှုကို ဂန့်ဂေါမြို့နယ်၊ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့များ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာ ဖမ်းဆီး စဉ်ကလည်း CDF KKG တပ်ရင်းကိုလည်း အသိပေးထားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရိုးမအခြေဘက် စစ်ကြောင်းထိုးသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦး သေပြီး၊ ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ရိုးမအခြေဘက် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး ပွဲချင်းပြီး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။