KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များက သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့တာပါ။
မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် တရုတ်စစ်တပ်က အထူးယာဉ်တန်းဖြင့် ကန်ပိုက်တီမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးကိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
ကြယ်ဂေါင်မှတစ်ဆင့် မန်ဝိန်းနယ်စပ်ဂိတ်ကိုတရုတ်စစ်တပ်ရဲါအထူးယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပြီး မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းမှုမှာ ၃ ကြိမ်အထိ ရှိသွားပြီပဲဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ Yenanthar Column က ရဲဘော် Flash ကျဆုံး

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်တဲ့ Yenanthar Column က ရဲဘော် မောင်စောဝေယံ (ခ) Flash ဟာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်သို့ စစ်ကူသွားသည့် စစ်ကောင်စီရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ၊ ၁ စီး ပျက်ကျပြီး ကျန် ၁စီး ထိမှန်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။