မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့၊ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်း၊ ကန်နီရွာရှိ အကြမ်းဖက်စစ်သားများရှိရာနေရာများကို RC Plane ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
“ဒီနေ့ညနေ ၃နာရီလောက်မှာ မဟာမိတ်အဖွဲ့တွေနဲ့အတူ ကန်နီပျူရွာထဲက စစ်သားတွေရှိတဲ့နေရာတွေကို ဗုံးသီး အလုံး၂၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ စခနဲ့ပျူစောထီးတွေ ထိခိုက်နိုင်ပေမယ့် အတည်မပြုနိုင်သေးပါဘူး.” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့ နဲ့အတူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့နဲ့ ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁) ပခုက္ကူခရိုင် တပ်ရင်း (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
“ဒီကနေ့၊ နိုဝင်ဘာ ၂၃ က ကျနော်တို့ ဗစ်တာ ပြောက်ကျားတပ်ဖွဲ့ တည်ထောင်တာ ၃လပြည့်ပါတယ်။ အခုမှ တော်လှန်ရေးစရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ စားဝတ်နေရေးကအစ ရွာခံမရှိတော့ ပိုပင်ပန်းတယ်။ ရိက္ခာကအစ ကိုယ်တိုင်အားထုတ်နေရပါတယ်” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂၂ရက်၊ မနေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်မှုထမ်းအတွက် မဲဖောက်ပေးနေတဲ့ လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ စစ်တပ်ဂိတ်များကို မြင်းခြံတော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ ( MDDS ) နဲ့အတူ မြင်းခြံခရိုင် အမှတ် ၄၊ ၁၀ တပ်ရင်း၊ ရှားထူးဝေါနည်းပညာ Team 2 နဲ့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့က လယ်သစ်ကျေးရွာထဲက အကြမ်းဖက်စစ်သားများရှိရာနေရာများကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အမျာအပြား ထိခိုက်သေဆုံးနိုင်တယ် လို့ဆိုထားပါတယ်။
ပုံစာ- မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က အရပ်သားများကို ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေချိန် ဘေးကင်းလုံခြုံသည့် ဆေးရုံဆေးခန်းများ လိုအပ်နေပြီဟု ဦးမင်းကိုနိုင် ပြောကြား…

အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

၄ လကျော်ကြာ ဖြစ်ပွားနေသည့် သိန်းခွန်ကျေးရွာတိုက်ပွဲမှ စစ်သား ၂ ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှ်ိ ၄ လကျော်ကြာ ဖြစ်ပွားနေတဲ့ သိန်ခွန်းကျေးရွာ တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။