စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့မှူး၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ​အဖွဲ့တို့က လာရောက်တွေ့ဆုံ အားပေးစကားတွေ ပြောကြားပြီး အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီအလှူငွေတွေကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူစာနာတာဝန်ခံတို့က လက်ခံရယူပြီး စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအတွက် နေရာအသီးသီးကနေ အဝတ်အထည်တွေ၊ စောင်တွေ၊ အစားအသောက်တွေနဲ့ အလှူငွေတွေ လာရောက်လှူဒါန်း နေတာတွေအတွက် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အပြစ်မဲ့ အရပ်သား (၂) ဦးကို ARSA သတ်ဖြတ်ခဲ့ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ် နောင်ချိုကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။