ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၁ရက် မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်က ၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်ပြီးဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ည၉နာရီမှာ ဗုံးပစ်တိုက်ခိုက်ခဲ့တာပါ။ ဗုံးက နှစ်လုံးစလုံး ကွဲတယ်ဗျ။ ရုံးထဲ ထိခိုက်မှုရှိနိုင်ပါတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူးပေါ့။ မြေပြင်သတင်းပို့ချက်တွေအရ တောင်ဥက္ကလာ ထွေအုပ်ရုံးကို စခတွေရော ရဲတွေရော အများကြီးရောက်လာကြတယ်” လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဗုံးပစ်တိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (ပကဖ) က လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် (၂၀၂၃) က တောင်ဥက္ကလာမြို့နယ်အတွင်း မစ်ရှင်တစ်ခုဖော်ဆောင်ရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ ရဲဘော် ချောကလတ် (ခ) သာဒင်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို အနီးအနားက ၁၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့တာလို့လည်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးနည်းတူ မနေ့က ညနေပိုင်းမှာ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကိုလည်း ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – ဗုံးပစ်တိုက်ခိုက်ခံရတဲ့ တောင်ဥက္ကလာပ ၁၄ ရပ်ကွက်ရုံး
0 Shares:
You May Also Like
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။