မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၁ရက် ညပိုင်းမှာ ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ဆိပ်ဖြူမြို့အနီးက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အလစ်ငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့ည ၁၂နာရီမှာ ဝင်ပစ်တာပါ။ မြို့နဲ့နီးတဲ့ဂိတ်မို့ မီးတော့ရပါတယ်။ အလစ်ငိုက်ဝင်ပစ်ရင်း မီတာ တစ်ရာအကွာမှာ အပြန်အလှန်ပစ် ခတ်မှုဖြစ်ကြပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ သူတို့ မီးဖျက်လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး။ ပြီးတော့ ဆိပ်ဖြူမြို့ထဲကနေ စစ်ကူကားသုံးစီးတန်း တက်လာလို့ သေနတ်တွေလည်း မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။” လို့ Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာ ဆော-ဆိပ်ဖြူလမ်းပိုင်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ အရပ်သားကားတွေကို ဆက်ကြေးသဘောမျိုး အခွန်​ကောက်ခံနေတာဖြစ်ပြီး အခုလို အနီးကပ် ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့လည်း အထက်ပါတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုတွေက ဂိတ်ပတ်ဝန်းကျင်အနီးအနား တပ်အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၁၉တပ်ရင်း ဆိပ်ဖြူဘာမထီတပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့ ဆိပ်ဖြူအနောက်ပိုင်းဇုန် ၁ ပကဖ ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပုံစာ – တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဆော-ဆိပ်ဖြူလမ်းပိုင်း စစ်ဆေးရေးဂိတ်
0 Shares:
You May Also Like
Read More

ကိုထိန်လင်း၏ နယူးယောက်နှင့် ဘော်စတွန် ခရီးစဉ်ကနေ ထောက်ပံ့ငွေ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိ၊ မြန်မာပြည်တွင်းရှိ လိုအပ်နေသည့်နေရာများကို ထောက်ပံ့သွားမည်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

လောင်းလုံးမှာ စစ််ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အရာရှိအပါ ၂ ယောက် သေ၊ နွေဦးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် အေကေလည်း မြင့်မြတ်စွာကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်​သားတွေကို တော်လှန်ရေးတပ်တွေက ​၂ ကြိမ်တိုင်တိုင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။