အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ရက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့ကို တပ်ကူသွားဖို့ထွက်လာတဲ့ အင်အား ၄၀ပါ အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၉ ရက်က စပ်စီရွာနဲ့ ပျဉ်းဝကြား ကားလမ်းမပေါ် (သိန်းလေးဆယ်)ကွေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်မြို့နယ်အတွင်း PDF ရဲဘော်များက ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ လမ်းများအား ပြင်ဆင်ပေး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးမဖော်ဆောင်သော်လည်း ပြည်သူလူထုအသုံးပြုနေတဲ့ လမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပကဖအသံက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမတ ၃၅၄ အမြောက်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် လက်နက်ကြီးကျည်ကျပြီး မီးလောင်ပေါက်ကွဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးရှိ ကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမတ ၃၅၄ အမြောက်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဆင်ရေးများမှ ပြန်လည်ရောက်ရှိလာသည့် အရှိုချင်းကာကွယ်ရေးတပ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲဘော်တွေကို နောက်တန်းမှာ ကျန်ရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ACDF က ထုတ်ပြန်လာပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။