မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းက ထွက်လာတဲ့ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ (၁၇) ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ စအရ-၉၁၀ (အမှတ် – ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) မှာ အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာကတဆင့် မတ္တရာမြို့နယ်အတွင်း ဝင်ရောက်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၂) ယောက် သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နဲ့ MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခုနဲ့ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နမခ က တက်လာတဲ့ Mi-35 နဲ့ ပစ်ခတ် တိုက်ခိုက်တာ၊ မိတ္ထီလာက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ (၅) ကြိမ် ဗုံးကြဲ တိုက်ခိုက်တာ စသဖြင့် လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) တာဝန်ခံ၏ ဈာပနအခမ်းအနား…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။