မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ အထိုင် စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၁ ယောက်နဲ့ ပျုစောထီး ၁ ယောက် သေဆုံးပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းနဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်း လက်ရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။