မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
ကိုင်းလယ်ရဲစခန်းကို ပေါက် ပကဖ က ဒရုန်း ၆ စီးနဲ့ ဗုံးသီး ၂၀၀ ကျော်ကို နိုဝင်ဘာလ (၄) ရက်ကနေ (၁၁) ရက်အထိ ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၁၅) ရက်၊ (၁၆) ရက်၊ (၁၈) ရက် နဲ့ (၁၉) ရက်တွေမှာ ယာကြီးပြင် ပျူစောထီးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တွေ၊ ဘန်ကာတွေနဲ့ စစ်ကောင်စီ တပ်သားတွေ တပ်စွဲ နေရာတွေကို ဒရုန်းနဲ့ ၁၀၀ မမ၊ ၆၀ မမ ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ (၁၆) ရက် နဲ့ (၁၈) ရက်တွေမှာ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီး ၉၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပကဖ၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ ပခုက္ကူ ခရိုင် အမှတ် ၅ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
ပုံစာ – ပေါက်မြို့နယ် ပကဖ များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။