အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်
AA က တရားမဝင် ရောက်ရှိလာတု့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး အဲဒီထဲက ခုနစ်စီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျန်ရှိနေတဲ့ ငါးဖမ်းလှေ ရှစ်စီးကို လုံခြုံရေး အာမခံချက်ရှိတဲ့အချိန်မှာ လွှဲပြောင်းပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
AA ထိန်းချုပ်ထားတဲ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ငါးဖမ်းရင် အပြစ်ပေးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ အစီး ၆၀ ခန့်ကို AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက တွေ့ရှိပြီး ငါးဖမ်းလှေ ၁၅ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။
ထပ်မံပြီး မြန်မာ့ရေပိုင်နက်ထဲမှာ လာရောက်ကျူးကျော် ငါးဖမ်းဆီးမှုတွေ မပြုလုပ်ဖို့လည်း ခံဝန်ကတိများ ရယူထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ မြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေစဉ် ရခိုင်နယ်စပ်ဒေသအတွင်း လုံခြုံရေးတွေကိုလည်း တိုးမြှင့်ဖော်ဆောင်လျက်ရှိတာပါ။
0 Shares:
You May Also Like
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းပြားမြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

အာရက္ခတပ်တော်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ကို အကြမ်းဖက်စစ်ကော်မရှင် တပ်သား တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက်သေဆုံးပြီး ၁၁ ဦး ထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က မြို့သစ်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ခလေးသူငယ် အပါအဝင် ပြည်သူများ သေဆုံးခဲ့ရတာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
Read More

ရေဖြူမှာ စစ်တပ်အထိုင်ချထားတဲ့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များ သိမ်းပိုက် မီးရှို့ခဲ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်တပ်အထိုင်ချနေရာတွေဖြစ်တဲ့ မြို့နယ်ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။