စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်တို့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ စောင်တွေနဲ့ အခြေခံအသုံးအဆောင်တွေကို တကသများရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်တို့က နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေဆီ သွားရောက် ကူညီထောက်ပံ့ခဲ့တာလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲပြီး ရက်တိုစစ်သင်တန်းပေးခံရသူတွေ လူသားဒိုင်းအဖြစ် ကင်းစောင့်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ်က လူမိုက်ဂိုဏ်းတွေကို အသုံးပြုပြီး စစ်သားသစ် စုဆောင်းမှုများရှိလာ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။