စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာတော့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနား၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ ၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေကို ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေးအစိုးရ လက်အောက် စစ်အာဏာရှင်တော်လှန်ရေး ပြီးဆုံးတဲ့အထိ တော်လှန်ရေးရဲဘော်အားလုံးနဲ့အတူ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သစ္စာဓိဋ္ဌာန်ပြုခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ပေါက်မှာ စစ်အုပ်စုတွေ ရက်ဆက် မိုင်းမိပြီး ၁၅ ယောက် ထက်မနည်း သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ရာ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)တင်သွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။