ကချင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ (၂၀)ရက် ဒီနေ့ ညနေပိုင်းမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကန်ပိုက်တီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအချိန်မှာ စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကန်ပိုက်တီမြို့ကို သိမ်းပိုက်ပြီးနောက် မြို့ထဲက စစ်ကောင်စီတပ်စခန်းကို မီးရှို့ ဖျက်ဆီး ရှင်းလင်းခဲ့သလို မြို့တွင်းက စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်ရှိ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကုန်သွယ်ရေး အချက်အချာကျတဲ့ မြို့တွေကို KIA က အပြည့်အဝ ထိန်းချုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။