စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ကန့်ဘလူနယ်၊ ကာဘိုးအထိုင်စခန်းကနေ အင်အား (၁၈၀) ကျော်နဲ့ ရေဦးနယ်မြောက်ခြမ်းကို စစ်ကြောင်းတစ်ကြောင်း၊ တန့်ဆည်နယ် ကျွဲဆွဲရွာအထိုင်စခန်းကနေ အင်အား (၅၀)ကျော်နဲ့ တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းတစ်ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းနဲ့ ရေဦးနယ်ထဲမှာ စစ်ကြောင်းထိုးခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရေဦးနယ်မြောက်ခြမ်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်မှာ ရက်ရက်စက်စက် လူသတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ ဝါသဝရဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဖြစ်ပြီး အခုရေဦးနယ်ထဲမှာလည်း မြောက်ဘက်ခြမ်းက ကျေးရွာ (၇) နဲ့ တန့်ဆည်နယ်အရှေ့ခြမ်း ချုပ်စပ်ရှိရာ ကျေးရွာ (၂) ရွာ၊ တောင်ခြမ်းက ကျေးရွာ (၂) ရွာ၊ စုစုပေါင်း ကျေးရွာ (၁၁) ရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ 

ပေကုန်းရွာမှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်တချို့ (ဓာတ်ပုံ – ကိုထူးခန့်ဇော်)

“ဆီဆုံရွာမှာဆို စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်သွားတာ ကျနော်တို့ သတင်းအတည်ပြု ရရှိထားပါတယ်” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ရေဦးနယ်မြောက်ခြမ်းက ရွာဗုကြီးရွာမှာ နေအိမ် (၁၃)လုံး၊ ပေကုန်းရွာမှာ နေအိမ် (၃၅) လုံး၊ စီးမရွာမှာ နေအိမ် (၇)လုံး၊ ရှမ်းဆိပ်ရွာမှာ နေအိမ် (၇)လုံး၊ တပ်သစ် (တောင်)ရွာမှာ နေအိမ် (၃၄)လုံး၊ မုံတိုင်ပင်ရွာမှာ နေအိမ် (၁)လုံးနဲ့ ဆီဆုံရွာမှာ နေအိမ် (၆၈) လုံး မီးလောင် ပျက်စီးထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အသက်အရွယ်ကြီးရင့်လို့ ထွက်မပြေးနိုင်တဲ့ အသက် (၈၀) အရွယ် အဘွားအို ၂ယောက်ထံကိုလည်း သေနတ်နဲ့ထောက်ပြီး လက်ဝတ်လက်စားတွေ လုယူသွားသလို နေအိမ်တွေမှာ ကျန်ရှိနေခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဓားတွေနဲ့ မွှန်းသွားတယ်လို့ ကိုထူးခန့်ဇော်က ဆိုပါတယ်။ 

ကိုထူးခန့်ဇော်က ဆက်လက်ပြီး “မုံတိုင်ပင်နဲ့ ဆီဆုံကို မီးရှို့စဉ်မှာ တိုက်ခိုက်ရေး ဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်တာရှိတယ်။ အဲ့ဒါကြောင့် ရေဦး-တန့်ဆည်ကားလမ်းဘေး၊ ပန်းကုံးရွာထိပ်မှာ ဈေးဆိုင်က ဆိုင်ရှင်အမျိုးသမီး ၁ဦး ထိမှန်သေဆုံးသွားတယ်။ ပြီးတော့ ပုဏ္ဏားရွာထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီး ၃လုံးထက် မနည်းရှိနေတယ်” လို့ ပြောပါတယ်။ 

ပေကုန်းရွာမှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်တချို့ (ဓာတ်ပုံ – ကိုထူးခန့်ဇော်)

အလားတူ တန့်ဆည်နယ်တောင်ခြမ်းက ခပေါင်းကြိုင်ရွာကိုလည်း ဝင်ရောက်မီးရှို့သွားပြီး လက်ရှိမှာတော့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ 

လက်ရှိမှာတော့ အခုလို စစ်ကြောင်းထိုးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေရကာ ခြုံစောင်နဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။