စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပုလဲမြို့ပေါ်က စစ်ကောင်စီ အခြေစိုက်နေရာတွေကို စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ သာလွန်အင်အားထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေ မြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို သတိပေးတဲ့အနေနဲ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဝေါလေဗျူဟာစခန်းက လက်နက်တိုက်ကို တော်လှန်ရေးဒရုန်းတပ်များက ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟု ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။