တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအတွင်း လမ်း၊ တံတား၊ စာသင်ကျောင်းနဲ့ အဆောက်အဦးတွေကို သူတို့ နေ့စဉ်လေကြောင်းကနေ တိုက်ခိုက်လို့ ပျက်စီးနေရတဲ့ ဖြစ်စဉ်တွေကို မျက်ကွယ်ပြုကာ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်တွေလို့ သုံးနှုန်းကာ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော် အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

အဲ့လို ဖျက်ဆီးခဲ့မှုတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် သုံးစွဲရမယ့်ငွေကြေးတွေကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေရတယ်လို့ မင်းအောင်လှိုင် က အကြောင်းပြပြောဆိုပါသေးတယ်။

စကစအစည်းအဝေးမှာ တက်ရောက်အမှာစကားပြောသည့် အကြမ်းဖက်မင်းအောင်လှိုင်

Data For Myanmar ရဲ့ သုတေသနပြုချက်တွေအရ စစ်အာဏာသိမ်းမှု ၃နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတဝန်း လူနေအိမ် ၁သိန်းကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ ၁၅၀ ကျော်၊ တံတားအစင်းရေ ၃၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာအနှံ့မှာ စစ်ကောင်စီဟာ သူတို့ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို လမ်းကြောင်းပြတ်တောက်အောင် ပြုလုပ်လေ့ရှိနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်တပ်က ၅ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်ကူပေးဖို့ လက်နက်ခဲယမ်းသယ်လာသည့် စစ်ကောင်စီတပ် စစ်ကား ပေါက်ကွဲမှုဖြစ်ပွား၊ စစ်သား ၂ ဦးသေပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်က ၅ ယောက် သေပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

NUG ၏ လူသားစာနာ ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်း ပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦးအပါ (၁၄) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂၃) လုံးနှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။