စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည် ၁နာရီဝန်းကျင်အချိန်မှာ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက အဆိုပါ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ ကုက္ကိုကုန်းကျေးရွာက ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတဲ့ အပြင် ကျေးရွာပတ်ပတ်လည်ကိုလည်း စစ်ကောင်စီတပ်တွေက ဒရုန်းတွေနဲ့ ၆၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီ မီးရှို့ဖျက်ဆီးထားတဲ့ ကျီစုရွာဘုန်းကြီးကျောင်း (ဓာတ်ပုံ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

“လောလောဆယ်တော့ ရွာကို မီးရှို့နေတယ်ဆိုတာပဲ နောက်ဆုံးသိထားရပါတယ်။ လူထိခိုက်မှုတွေလည်း မသိရသေးပါဘူး။ အဆက်အသွယ်ထပ်မရသေးပါဘူး။” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

လက်ရှိမှာတော့ ကျွန်းလှမြို့ကနေ ကား ၃စီး အင်အားအပြည့်နဲ့ ထပ်မံထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပေါက်ကျေးရွာကို ဝင်ရောက်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

0 Shares:
You May Also Like
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK) ရဲ့ (၇၅) နှစ်မြောက်ပအိုဝ်း တော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနား (ဓာတ်ပုံသတင်း)

(၇၅) နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနားနဲ့အတူ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ရဲ့ သင်တန်းဆင်း ရဲဘော်တွေက သစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဆီ ပြန်လည်အပ်နှံ တပ်တော်ဝင်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်း

မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဒေသခံတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ လာရောက်အပ်နှံ…

တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။