တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံက  MA1 သေနတ် (၃) လက်၊ MA3 သေနတ် (၁) လက်၊ MA2 စက်ကလေး (၁) လက်၊ ကျည်ဘောက် (၁၅)ခု၊ အီကွေ့မန့် ခါးပတ် (၁)ခု နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando စစ် ကြောင်းက ဇန်နဝါရီ ၁၀ ရက် က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ စွယ်တော်နန်း တည်းခိုခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်း တည်ခိုးခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''