တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့၊ မနက်ပိုင်းမှာ အဆိုပါ ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်တာကတော့ ရဲစခန်းအပြင်ကနေပါပဲ။ အနီးကပ်ဆုံးဖြစ်အောင်တော့ ချဉ်းကပ်ခဲ့ပါတယ်ခင်ဗျာ။ 40mm လက်နက်ကြီးကျည်တွေတော့ စခန်းထဲမှာပဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။” လို့  ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ပီတာက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးကာ ၅ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကို တိုက်ခိုက်စဉ် ရဲစခန်းထဲမှာ ရဲနဲ့ စစ်သား အင်အား ၆၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက အင်အား ၅၀ ကျော်နဲ့ တော်လှန်ရေးရဲဘော်တွေကို လိုက်လံ ဖမ်းဆီးခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။