ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 

ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ မနက်ပိုင်းမှာ အဆိုပါ အုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းလွင်ဆိုသူဟာ မင်းလှဘက်ကို ဆိုင်ကယ်နဲ့လာစဉ် ချောင်းနားရွာတောင်ဘက်ထိပ်မှာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

စစ်မှုထမ်းဖို့ လူငယ်တွေကို ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းလွင်

“သူက တစ်ယောက်တည်း မြို့ဘက်ကိုလာတာပါ။ သူက အရမ်းဆိုးတာပါ။ သူ့ကြောင့် လူငယ်တွေလည်း အိမ်မှာ မနေရဲကြတော့ဘူး။ တပ်ထဲ အတင်းထည့်နေလို့။” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။ 

ရှင်းလင်းပစ်ခတ်ပြီးတဲ့နောက်မှာတော့ အုပ်ချုပ်ရေးမှူးဆီက ဖုန်း၁လုံး၊ ငွေသား ၄သိန်းကျပ်၊ ဘေးလွယ်အိတ် ၁လုံးနဲ့ ဆိုင်ကယ် ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိသည့် ပစ္စည်းများ

အဲဒီအုပ်ချုပ်ရေးမှူးဟာ ကျေးရွာထဲက စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တွေကို ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်ကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ကာ စစ်မှုထမ်းဖို့ အတင်းစုဆောင်း၊ ငွေကြေးကောက်ခံနေတာတွေကြောင့် အခုလို အရေးယူလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ လူငယ်တွေကို ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းလွင်
0 Shares:
You May Also Like
Read More

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF 2) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။
Read More

စစ်ပွဲတွေကနေ လုံခြုံရာရွှေ့ပြောင်းလာမှုကြောင့် ရန်ကုန်မြို့က အိမ်ရာဈေးတွေ မြင့်တက်လာ

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတာကြောင့် ကျေးလက်နေပြည်သူအများအပြား မြို့ပြဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ပြောင်းရွှေ့လာကြပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

မန်တုံမြို့နှင့် မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။