စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ တော်လှန်ရေးရဲဘော်တွေ ထောင်ထားတဲ့ မိုင်းကွင်းအနီး ရောက်ရှိချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရုတ်ရုတ်သဲသဲဖြစ်နေချိန် စနိုက်ပါနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးမှုကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄)နဲ့  မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၁၉၈၈ ခုနှစ်မှ ယနေ့တိုင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သူများနှင့် ဆက်လက်လှုပ်ရှားနေသူများကို လေးစားဦးညွှတ်ဂုဏ်ပြုကြောင်း ကိုထိန်လင်း ပြောကြား (ရုပ်/သံ)

၁၉၈၈ ခုနှစ်မှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြသူတွေနဲ့ ယနေ့တိုင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သူတွေ၊ ဆက်လက်လှုပ်ရှားနေသူတွေကို လေးစားဦးညွှတ်ဂုဏ်ပြုပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။
Read More

ရန်ကုန်သားရဲ‌ဘော်များ စုစည်းထားသည့် YARMA BRIGADEတပ်ဖွဲ့မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

ရန်ကုန်သားတွေ စုစည်းထားတဲ့ YARMA BRIGADE တပ်ဖွဲ့ကနေ အပတ်စဉ် ၃ သင်တန်းပြီးဆုံးတဲ့အ တွက် အပတ်စဉ် ၄ အတွက် ရဲဘော်သစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။