တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ရှပ်ပုံစံပြကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဦးအပါအဝင် ပြည်သူ ၅ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့  ယာယီဒု-တပ်ရင်းမှူး ရဲဘော်ပျားအုံကနေ ငွေကျပ်သိန်း (၅၀၀) လက်ခံကာ ဦးတင်ဦးကို ပြန်လွှတ်ပေးခဲ့တယ်ဆိုပြီး  ကောလာဟတွေ ပျံ့နှံ့လျက်ရှိနေတာပါ။ 

ထုတ်ပြန်ကြေညာချက်

“ကျနော်တို့ တိုက်ပွဲအတွင်းမှာ စကစလှေထင်ပြီး ဖမ်းလိုက်တာပါ။ ပြီးတော့ ၅ရက်လောက် စစ်ဆေးပြီးနောက်မှာ သာမန်ပြည်သူတွေဆိုတာကို သိရလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သိန်း ၅၀၀ လက်ခံထားတာလည်း မရှိပါဘူး။” လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ယာယီဒု-တပ်ရင်းမှူး ရဲဘော်ပျားအုံက မောင်းကို ပြောပါတယ်။ 

ဒါကြောင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကနေပြီး အခုလို စွပ်စွဲရေးသားချက်တွေက မှန်ကန်မှုမရှိဘဲ မိမိတို့ တပ်ရင်းအနေနဲ့လည်း ငွေကျပ်သိန်း (၅၀၀)လက်ခံရရှိခဲ့ခြင်း မရှိခဲ့သလို စွပ်စွဲချက်တွေက သက်သေအထောက်အထား မပြနိုင်တဲ့ တဖက်သတ် စွပ်စွဲချက်တွေသာဖြစ်ကြောင်း ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတံတားအဟောင်းကို အိန္ဒိယ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ လာရောက်စစ်ဆေး

အိန္ဒိယက ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ အထူးကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဟာ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတံတားအဟောင်းကြီးကို စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။