ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ရွာငံမြို့အဝင် ဘီးခွန်ဂိတ်က ရဲတွေနဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မူးယစ်ရုံး စတဲ့နေရာတွေက စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက အခုလို ကျေးရွာတွေမှာ ဖိအား​ပေးရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရွာငံမြို့အနောက်ဘက် မြို့နဲ့ ၃ မိုင်လောက် ကွာဝေးတဲ့ နွားဘန်းကြီးရွာကို နိုဝင်ဘာ ၁၅ရက် မနက်အစောပိုင်းမှာ အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းရင်း ရွာသူ သားအမိ ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“အဲ့နေ့ မနက်က သူတို့ (စကစ) တွေ နွားဘန်းကြီးရွာထဲကို ကားတွေနဲ့ဝင်လာပြီး သေနတ်တွေ ဖောက်ရင်း ရွာကိုပတ်ပါတယ်။ အဲ့နောက်တော့ နွားဘန်းကြီးရွာသူ အပျိုလေးတစ်ယောက်နဲ့ သူ့အမေလုပ်သူကို ဖမ်းပြီး စစ်ကြောရေးကိုခေါ်သွားတယ်ပေါ့။ ဘာအကြောင်းပြချက်နဲ့ ဖမ်းလဲ မသိပေမယ့် သားအမိ ၂ ယောက်လုံးက တောင်သူတွေပါ” လို့ ဒေသသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရွာငံအဝင်ဂိတ်ကို တွေ့ရစဉ်

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ဒလန်သတင်းပေးမှု သံသယတွေနဲ့အတူ အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးနေတာကြောင့် ရွာထဲ သက်ကြီးပိုင်းတွေကလွဲပြီး နွားဘန်းကြီးရွာခံ အကုန်လုံး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

နွားဘန်းကြီးရွာအနေနဲ့ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ခန့်အပ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးဆိုသူတွေ မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းခံထားရတဲ့ ကျေးရွာ ၁ ခု ဖြစ်ပြီး ဒီမိုကရေစီအရေးကြောင့် ဖမ်းဆီးထောင်ချခံရတဲ့အရပ်သားတွေလည်း အယောက် ၃၀ ကျော်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပါ အနောက်ဘက်တောင်တန်းတွေဆီ ပစ်ခတ်​တာတွေရှိနေပါတယ်။ 

“အခု ပင်းတယလမ်းခွဲ အလယ်ချောင်ရွာမှာလည်း စစ်ကြောင်းတစ်ကြောင်း ဟိုအိမ်တက်စစ် ဒီအိမ်တက်စစ်နဲ့ လုပ်နေလို့ အမျိုးသားတွေ ရှောင်နေရတယ်လို့ သိရတယ်။ ဒီလိုပဲ မြင်းကျဒိုးရွာမှာလည်း အချို့အိမ်တွေ ဝင်စစ်ခံရပါတယ်။ အဓိကကတော့ PDF နဲ့ ပတ်သက်တဲ့ အိမ်တွေကို ဒလန်သတင်းပေးတာကြောင့် ဝင်စီးခံရတာပါ။ နောက်ထပ်အဖမ်းခံရတာတွေလည်း ရှိနေပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးဘူးပေါ့နော်” လို့ ဒေသသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၁၄ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ခဲ့တဲ့ ရွာငံမြို့ပစ်ခတ်မှုတွေထဲ မူးယစ်ရဲအရာရှိ ၁ယောက် အပါအဝင် ရဲ ၇ ယောက်နဲ့ စစ်သား ၆ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးရွာက နှမ်းတွေသယ်ဆောင်လာတဲ့ ကားနှစ်စီးကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မနေ့က အပစ်ရပ် ကြေညာပြီး ဒီနေ့ စစ်ကောင်စီ ကနီကို ဗုံးကြဲတိုက်ခိုက် 

အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။