စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် တစ်ပတ်အတွင်း အပြစ်မဲ့ပြည်သူ၂ယောက် သေဆုံးခဲ့ရတယ်လို့  နိုဝင်ဘာ ၁၇ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်းမြို့မှာ ရာဘာစေးခြစ်နေစဉ် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိသပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူ အပါအဝင် ၉ ယောက် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၈၂ ယောက် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ပြည်သူနေအိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဒရုန်းဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာတွေကြောင့်‌ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ တောင်ပိုင်းစစ်ဒေသ)

တဆက်တည်းမှာပဲ ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းညောင်ပင်ဇင်းကျေးရွာက နေအိမ် ၃၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့ အချက်အလက်တွေကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်မှာ အခုစာရင်းထက် ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ စစ်ရေးအရရှုံးနိမ့်ကာ နယ်မြေစိုးမိုးနိုင်စွမ်း မရှိတော့တာကြောင့် အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို မကြာခဏလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး-မြင်းခြံလမ်းပေါ်က ပြည်သူ့စစ်များ နေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ပြ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်(၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ချီဖွေ၊ ဖိမော်ဒေသက နယ်ခြားစောင့်တပ် ၁၀၀၁ ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ ကစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) - ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။