စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄ရက်၊ ညနေပိုင်းက ကလေးမြို့နယ်၊ ဇင်းကလင်းရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက မြို့ကြီးကုန်းရွာကို  ဒရုန်းနဲ့ ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ရာ  လင်မယား၂ယောက်ထိမှန်ခဲ့ပြီး မိန်းမဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စံသာရွာနေ ကလေးငယ် ၁ယောက်ပါ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဇင်းကလင်းက စကစခြေကုပ်တပ်စွဲထားတဲ့ရွာပါ။ ကလေးနည်းပညာတက္ကသိုလ်နားမှာရှိတယ်။ နေ့စဥ်နဲ့အမျှ အနီးအနားက ရွာတွေဆီ တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတာပါ။ ထိုမာ ရွာဆိုရင် လက်နက်ကြီးပစ်လိုက် ဒရုန်းဗုံးချလိုက် တစ်နေ့မှ  မပြတ်ဘူး။ တော်လှန်ရေးတပ်တွေနဲ့လည်း အဲ့အနီးတဝိုက် ထိတွေ့မှုတွေရှိပါတယ်။” လို့ ဒေသခံ တစ်ယောက်က မောင်းကိုပြောပါတယ်။

ကလေးနည်းပညာတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို အဲ့ဒီနေ့ (နိုဝင်ဘာ ၁၄ရက်) မနက်ပိုင်းမှာ ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တွေက ဒရုန်းတွေနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ရက်နေ့ကလည်း ကလေးမြို့ထဲကနေ ကွန်ပျူတာတက္ကသိုလ်ဘက် ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားတစ်စီးကို ကလေးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရင်း တပ်ကူလာတဲ့ စစ်အုပ်စုတွေနဲ့ပါ ထိတွေ့မှု ဖြစ်ပွါးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ် – မုံရွာကားလမ်းမပေါ်မှာ ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက တပ်ပြောင်းရွှေ့နေ

စစ်ကောင်စီက ပုသိမ် - မုံရွာကားလမ်းမပေါ်မှာ သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကို အသုံးပြုပြီး တပ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာကြဖို့ AYA PDF အမှတ် (၂၉) ဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

မိုင်းကိုင်မြို့နယ်က SSPP တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးကာ ဒေသခံ ၁ ယောက်ကို ပစ်သတ်သွားဟု SAPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသွားကာ ဒေသခံ ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ SSPP က ဒီနေ့ ထုတ်ပြန်ပါတယ်။