စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက မုံရွာမြို့၊ ကျောက္ကာ မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ဒုအရာခံ​ဗိုလ်ရဲနဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သွား​ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကြောင့် ရဲ ၂ ယောက်နေရာမှာပဲ သေဆုံးပြီး BA.63 ခေါ် G3 သေနတ် ၁ လက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် ရန်ကင်းဘုန်းကြီးကျောင်းထဲ လုံခြုံရေးယူရင်း ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှု ထပ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ ) က ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (မြို့နယ် ပ.လ.ဖ ) နဲ့အတူ Kaung Kin Local PDF ( ဒီပဲယင်းမြို့နယ်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရမိတဲ့ G3 သေနတ်
0 Shares:
You May Also Like
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။