ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) – P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Spring Warrior Column က ‌‌ရဲဘော်တွေအတွက် တန်ဆောင်တိုင်အမှတ်တရ ဒိုက်ထိုး၊ လက်မောင်းလှဲ၊ ဘောလုံးကန်စတဲ့ အားကစားပြိုင်ပွဲတွေအပြင် တော်လှန်ရေးနဲ့ စစ်ကြောင်းရဲ့လုပ်ဆောင်ချက်သမိုင်းကြောင်းတွေကို မေးမြန်းတဲ့ ပဟေဋိဉာဏ်စမ်းပြိုင်ပွဲ၊ အစားပြိုင်ပွဲတွေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
“စစ်ကို လိုလားလို့ တိုက်နေကြသူတွေမဟုတ်ပါဘူး။ နိုင်ငံအရေးအခြေနေပေါ်လာတော့ တာဝန်တွေကိုယ်စီယူကြပြီး တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အနာဂတ်လူငယ်လူရွယ်‌တွေပါ။” ဆိုတဲ့စာသားနဲ့ Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ ပြိုင်ပွဲတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။
တန်ဆောင်တိုင်အခါသမယမှာ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည် ကျန်းမာ‌စေဖို့ ၊ သဘာဝဘေးအန္တရယ်၊ ရန်သူမျိုး ငါးပါးအန္တရာယ်က ကင်းဝေးစေဖို့ Spring Warriors Column ဆုတောင်းမေတ္တာ ပို့သထားပါသေးတယ်။
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း သပိတ်ကျင်းကို ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။