ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု – AJAY က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တို့ အပါအဝင် အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့တွေမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း နဲ့ ကိုနန်းလင်း တို့ရဲ့ ပြည်သူလူထုဆီ ပေးပို့တဲ့ သတင်းစကားတွေကို ပံ့သကူအလှူနဲ့အတူ ပူးတွဲ‌ဖြန့်ဝေခဲ့တာပါ။
ရန်ကုန်မြို့မှာဆိုရင် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ သဃ်န်းကျွန်းမြို့နယ်တွေအပါအ၀င် မြို့နယ် ၁၀ မြို့နယ်ကျော်နဲ့ မန္တလေးမြို့တွေမှာ အရေအတွက် သောင်းနဲ့ချီပြီး ပံ့သကူပစ် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အရှိူချင်းကာကွယ်ရေးတပ်နဲ့ မြို့နယ် ပ.က.ဖ ကူညီထောက်ပံ့ပေးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် - ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရမှုအတွက် ၆နှစ် ကလေးငယ်အပါ ၁၆ ဦးကို ဆက်စပ်တရားခံများအဖြစ် စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

သံအမတ်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ၆နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၆ ‌ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားကြောင်း မနေ့က ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။