အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် အင်္ဂါနေ့က ဝါရှင်တန်မှာ ပြုလုပ်တဲ့ ပရာဘိုဝိုနဲ့ ဘိုင်ဒင်တို့အကြား တွေ့ဆုံမှုအပြီးမှာ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်အတွင်း အခုလို “(မြန်မာနိုင်ငံတွင်းက) အရပ်သားတွေကို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် ခေါင်းဆောင်နှစ်ဦးက ရှုတ်ချပြောဆိုပြီး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်” လို့ ပြေဆိုထားတာပါ။
တွေ့ဆုံစဉ်အတွင်း သမ္မတ ဘိုင်ဒင်က မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေက အာဆီယံရဲ့ အခရာကျတဲ့ အခန်းကဏ္ဍနဲ့ မြန်မာ့ အကျပ်အတည်းကို ကူညီဖြေရှင်းရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“သူတို့က အစုအဖွဲ့အားလုံးကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေမယ့် အခြေအနေတွေ ဖန်တီးပေးဖို့ စစ်ကောင်စီကိုလည်း သမ္မတ ပရာဘိုဝိုနဲ့ သမ္မတ ဘိုင်ဒင်တို့က တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
News-Antara
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။