ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)နိုဝင်ဘာ ၁၆၊ ၂၀၂၄ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ဆန္ဒပြပြည်သူ အင်အား ၁၀၀ ကျော်ပါဝင်ပြီး “မီးရှို့စစ်တပ် အမြစ်ဖြတ်”၊”KIA ​တွေ ဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ်” ၊ “PDF ​တွေဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ် “၊ ” PDF နဲ့ KIA တိုက်ပွဲတိုင်းမှာ နိုင်ပါ​စေ”၊ “အ​မေစု ဘာမှာခဲ့လဲ ​ကောက်ရိုးမီးလိုမဖြစ်​စေနဲ့”စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသွား တဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးငယ်များအတွက်လည်း ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ စစ်တပ်ငြင်းဆိုမှုအတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းတောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ ငြင်းဆိုခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းက တောင်းဆိုခဲ့ ပါတယ်။
Read More

ပုသိမ်မြို့နယ် ဘူတာစျေး စားသောက်ဆိုင်တန်း မီးလောင်မှု (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် ဝဏ္ဏသိဂီလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာမှ အင်အား ၁၅၀ ခန့်နှင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်ခန့်မှာ ကျောက်ပြုတ်ရွာကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အသင့်ထောင့်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- နေလင်း၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ခိုးယူခံရ (ရုပ်/သံ)

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။