တောကျီးကန်းစစ်ကြောင်းရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ ဗိုလ်အဆင့် ၁ ယောက်အပါအဝင် ၁၃ ယောက်သေပြီး ၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကို ဧပြီ ၃၀ ရက်ကနေ စက်တင်ဘာ ၂၀ ရက်ထိ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းမစ်ရှင်၊ ပြောက်ကျားမစ်ရှင်၊ ရန်သူ့ထောက်ပို့ဖြတ်တောက်မစ်ရှင်နဲ့ နယ်မြေရှင်းလင်းရေးမစ်ရှင်တွေကို ပြုလုပ်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကောက်မတီထံက သိရပါတယ်။
Read More

သာယာဝတီမြို့နယ်အတွင်း ခမရ ၃၅ တပ်ရင်းမှာ အထိုင်ချထားသည့် မဒေ့ါဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ် ပကာရီယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့မှု ဒူရကစစ်ကြောင်း ထုတ်ပြန် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။