မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကျွဲခြံလယ်မရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။

Mi-35 ရဟတ်ယာဉ်နဲ့ ပုသိမ်-မုံရွာလမ်းပိုင်း တမံလမ်းခွဲ ၃ မိုင်ပေါက်ကို ၃ ကြိမ်ပစ်ခတ်ပြီး ကျွဲခြံလယ်မရွာဘက်ကို ၂ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကျေးရွာက ပြည်သူတွေ ထိခိုက်မှုကို အတည်မပြုနိုင်သေးဘဲ ထပ်မံတိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ မဲဇလီကျေးရွာနဲ့ ဆက်စပ်နေတဲ့ ရေလမ်းကြောင်းတွေကို အသုံးမပြုကြဖို့လည်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ် ‌မြောင်းခြားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်အပါ ၇ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး ဒဏ်ရာများ ဆေးကုဖို့ နောက်တန်းပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲအများအပြားကို တိုက်ခိုက်ပြီး ‌နောက်တန်းပြန်လာကာ ဆေးဝါးကုသမှုခံယူတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်နဲ့ နာမကျန်းဖြစ်နေတဲ့ ရဲဘော်အချို့ကို ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတွေက လှိုက်လှဲကြိုဆိုဂုဏ်ပြုခဲ့ကြ တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့သို့ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းသို့ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က သတင်းထုတ်ပြန်ထားပါတယ်။