ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အခုလို ထောက်ပံ့တာကို တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လပတ်အစည်းဝေး (၆/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် (၁၆) အရ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လစဉ်ထောက်ပံ့ကြေးကို ဆောက်လုပ်ရေးဌာနမှူး ရဲဘော်ပေါက်ကျိုင်းနဲ့ ရဲဘော်ပီတာတို့က ပေးအပ်ခဲ့တာ ဖြစ်သလို ထောာက်ပံ့ငွေပမာဏက တစ်ယောက်ကို ၃၀၀၀၀ ကျပ် (ကျပ်သုံးသောင်း) ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ YPDF)

“ထောက်ပံ့ငွေပေးအပ်တာသည် တပ်ဖွဲ့က ကိုယ့်ရဲဘော်တွေကို ပစ်ထားတယ်ဆိုတာမျိုး မဖြစ်စေလိုတဲ့အတွက် တပ်ဖွဲ့ရဲ့ ရန်ပုံငွေအင်အားကို မူတည်ပြီး ထောက်ပံ့တာပါ။ ဒီထက်မက လုပ်ပေးနိုင်အောင် ကြိုးစားရဦးမယ်။” လို့ တပ်ဖွဲ့ ဥက္ကဌ ရဲဘော်ယောလေးက လပတ်အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

YPDF အနေနဲ့ အခုလို လစဉ်ထောက်ပံ့ကြေးအပြင် တပ်ဖွဲ့မှာ အမြဲတမ်းတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုလည်း ရာထူးတာဝန်အလိုက် လစဉ်ဆက်သွယ်ရေးအသုံးစရိတ်နဲ့ သာရေးနာရေးကူညီငွေတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ YPDF)
0 Shares:
You May Also Like
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ယာယီတပ်စွဲထားသည့် နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ​၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ယာယီတပ်စွဲထားတဲ့ နေရာ ၂ ခုကို လက်နက်ကြီးတွေနဲ့ တ​ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုအဖွဲ့ဝင်၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Phoenix D F သတင်းနှင့် ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။