ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်ခမ်းရွာက ဘုန်းကြီးကျောင်းနဲ့ စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်းနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ နောင်ချိုမြို့၊ တောင်ခမ်းရွာက ဘုန်းကြီးကျောင်းနေရာနဲ့ နေ့လည်ပိုင်းအချိန် စစ်ကောင်စီ အမတ(၃၅၄) တပ်စခန်းနေရာတွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့ မကျီးရေရွာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၁)ကြိမ် ဗုံး(၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကံမမြို့နယ်တွင် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရမှုကြောင့် PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ကံမမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ရဲဘော် ၁ ယောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးရင်း Countdown ရေဦးမယ့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနေကြပါတယ်။ 
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စု အထိနာပြီး လေကြောင်းပစ်ကူသုံးခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။