မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်လာပါတယ်။

သြဂုတ်လ ၁၇ ရက် မနက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က တွင်းငယ်စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ရာ ၉ နာရီအကြာ ညနေပိုင်းမှာတော့ တွင်းငယ်တပ်စခန်းက စစ်ကောင်စီတပ်သားတွေ တပ်ကို စွန့်ခွာထွက်ပြေးသွားတဲ့အတွက် တွင်းငယ်ကျေးရွာတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ တွင်းငယ်စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာ ၃ လနီးပါးရှိခဲ့ပြီဖြစ်ပြီး မိုးမိတ်- တွင်းငယ် လမ်းပိုင်းတစ်ခုလုံးကို TNLA ၊ PLA နဲ့ အခြားမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတယ်လို့ PLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တတက ၁၃ (အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း) ကိုလည်း တော်လှန်ရေးတပ်တွေ ဝိုင်းရံ ပိတ်ဆို့ထားတာ ၃ လနီးပါး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းက ခလရ ၁၄၈၊ ဖော့တောလမ်းဆုံတို့ကို TNLA ၊ PLA နဲ့ အခြားတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သလို သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ ၇ မိုင်နဲ့ ကျောက်ကြီးစခန်းတို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ PLA)

0 Shares:
You May Also Like
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။