အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်အစည်းအဝေးကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတာနဲ့ တပြိုင်နက် သူ့ရဲ့ အာဏာသိမ်း စစ်တပ်ဟာ ရှမ်းမြောက်ဒေသနဲ့ ကရင်နီပြည်တို့မှာ လူအင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 

လက်ရှိမှာ စစ်တပ်က ရှမ်းမြောက်ဒေသဖြစ်တဲ့ နောင်ချို၊ တောင်ခမ်းတို့မှာ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်နေပြီး ကရင်နီဒေသဖြစ်တဲ့ ဖလမ်း၊ မင်းတပ်မြို့တို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် စစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အမည်ခံများ ကြိုဆိုနေပုံ (ဓာတ်ပုံ NP News)

“စစ်ကောင်စီက အခုဆို သူဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။ ဒီတရုတ်ခရီးစဉ်အပြီးမှာ မလုပ်ရသေးတဲ့ မိုးကုတ်ကိုပါ လေကြောင်းတိုက်ခိုက်မှု လုပ်နေပြီပေါ့နော်၊ ပြီးတော့ တဆက်တည်း နောင်ချိုကိုပါပေါ့နော်၊ လေကြောင်းတိုက်ခိုက်မှုက သူ့ရဲ့ စိန်ခေါ်မှုပါပဲ“ လို့ CDM ဗိုလ်ကြီး ဇင်ယော်က မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာလည်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ အထက်လယ်ဦးရပ်ကွက်နဲ့ အနောက်ပိုင်း မြို့ဦးခွင် အနီးတို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရှေ့ပိုင်းက ပြည်သူ ၄ ယောက်နဲ့ အနောက်ပိုင်းက ပြည်သူ ၅ ယောက် သေဆုံးခဲ့ပြီး ကလေးငယ် ၁ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ရပါတယ်။’

နိုဝင်ဘာလ (၁၁) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်ကို ဗုံးကြဲပြီးနောက် တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံ The Ta’ang Post)

တဆက်တည်းမှာပဲ ရှမ်းပြည်တောင်ပိုင်းက ပင်လောင်းနဲ့ ဖယ်ခုံတို့မှာလည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့ရပါတယ်။ 

အဲဒီဒေသတွေမှာ မြေပြင်စစ်ကူအင်အားတွေလည်း ထပ်မံပို့ဆောင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်လက်ပြီး “ဒီ ၂၀၂၄ အကုန်မှာ စစ်တပ်က မြေပြင်ထိုးစစ်ဆင်ဖို့ကို ပြန်ပြီး စုဖွဲ့နေပါတယ်။ မိုင်းရယ်၊ တန့်ယန်း၊ နန့်လန် ဘက်တွေမှာလည်း အင်အားတွေ ပို့ထားတာတွေရှိသလို မြေပြန့်ဘက်မှာလည်း ပြည်သူ့စစ်တွေ မွေးပြီးတော့ လက်နက်တွေ တပ်ဆင်ပေးထားတာတွေ ရှိပါတယ်။ အဲဒီတော့ ဒီ ၂၀၂၅ အစလောက်မှာ စစ်တပ်က ဆုံးရှုံးပြီးသားနယ်မြေတွေကို တန်ပြန်ထိုးစစ်တွေ ဆင်လာဖို့ မြင်လာရပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ကနေ ပြန်လာပြီးနောက်ပိုင်း ရှမ်းမြောက်နဲ့ ကရင်နီမှာသာမက အညာဒေသတွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး ခပ်စိပ်စိပ် တွေ့လာရတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (The Ta’ang Post)
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။