စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

နေရာအတော်များများကို ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းကစပြီး တိုက်ခိုက်နေတာပါ။ ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားပါတယ်။ လေယာဉ်ပစ်ကူနဲ့ လေကြောင်းဗုံးကြဲတာတွေ ရှိနေသေးလို့ တိုက်ပွဲကတော့ ဆက်ဖြစ်နေသေးတယ်” လို့ BNRA တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာတွေ ပစ်ကူပေးတာတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဘေးလွတ်ရာကို ဒေသခံတွေ ရွှေ့ပြောင်းနေကြရတယ်” လို့လည်း အထက်ပါ သတင်းရင်းမြစ်က ပြောပြပါတယ်။

ပုလဲမြို့နယ်ထဲက နေရာအတော်များများမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားနိုင်ပေမယ့် ပုလဲမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ ပုလဲမြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်လာပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးစိုးမိုးနယ်မြေထဲ လူသားဒိုင်းလုပ် ဝင်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အသည်းအသန်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်လုပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ အသည်းအသန် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃၀ ဦးထက်မနည်း သေပြီး တပ်ရင်းမှူးအပါ ၁၀ ဦးခန့်ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးရွာက နှမ်းတွေသယ်ဆောင်လာတဲ့ ကားနှစ်စီးကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနဲ့ ပေါင်(၃၀၀)ဗုံးတွေကို လေကြောင်းကနေ ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။