မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၁၁) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်မှာ ဗုံး (၃) လုံးနဲ့ အနောက်ပိုင်း မြို့ဦးလွင်အနီး ဗုံး (၂)လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်းက ဒေသခံ (၄) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနောက်ပိုင်းမှာလည်း ဒေသခံ (၅) ယောက် သေဆုံးပြီး ဒေသခံ (၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှောင်တိမ်းနေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံများစွာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Read More

ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။