ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၅)တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး KNU မူတြော်သတင်းစဥ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းကာကွယ်ရေးဂျမ်မာစက်တွေ သိမ်းဆည်းရမိခဲ့ရာ လက်နက်ကြီး (၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျမ်မာ(၃)ခုနဲ့ မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂၀၀၀)ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)

အကြမ်းဖက်စစ်ကောင်စီရဲ ကူးဆိပ်တံတား လုံခြုံရေးတပ်စခန်းကို KNLA အမှတ် (၅) တပ်မဟာစစ်သည်တော်တွေနဲ့ မဟာမိတ်ပူးပေါင်းစစ်သည်တွေက နိုဝင်ဘာလ(၆)ရက်က စတင်တိုက်ခိုက်ရယ နိုဝင်ဘာလ(၉)ရက်မှာတော့ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၈) ယောက် သေဆုံးရုပ်အလောင်းကျန်ရှိခဲ့ကာ တော်လှန်ရေးတပ်ဖက်က (၂) ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုသိမ်ကြီးတွင် စစ်ကောင်စီ လေကြောင်းရော လက်နက်ကြီးပါ ဆက်တိုက်ပစ်ခတ်နေ၊ စစ်ရှောင် ဒဟတ္တော အရပ်သားများကိုလည်း ရွာအတွင်းအဝင်မခံဘဲ နှင်ထုတ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။